Saturday, February 21, 2009

လူသားများ ကရုဏာထားတတ်စေချင်သည်

လူသားဆိုတာ အသိဉာဏ်နဲ့ယှဉ်တွဲပြီး လောကမှာ မွေးဖွားလာတဲ့ သတ္တ၀ါအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် အသိဉာဏ်မရှိတဲ့
အခြားသတ္တ၀ါများ (အန္တရာယ်မပြုနိုင်သော သတ္တ၀ါများ)ကို သနားကြင်နာပြီး စားသောက် သတ်ဖြတ်မှုတွေကို တတ်နိုင်သလောက်
ရှောင်ကြဉ်သင့်ပါသည်။ လူတိုင်း သက်သတ်လွတ်စားရမယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ အလွန်အကျူးစားသောက် သတ်ဖြတ်ခြင်းမျိုး
ကို မလုပ်သင့်ဟု ရည်ညွန်းခြင်းဖြစ်ပါသည်။


အောက်ပါပုံများကို ကြည့်ပြီး လူသားများ အေးချမ်းစွာနေထိုင်တတ်သော လင်ပိုင်ငါးကများကို ရက်ရက်စက်စက်သတ်ဖြတ်နေပုံကို
တွေ့နိုင်ပါသည်။ ထိုလူများသည် ဒိမ်းမတ်နိုင်ငံရှိ ကျွန်းလေးတစ်ကျွန်းနေထိုင်သောလူများဖြစ်ပြီး သူတို့တွေဟာ လင်ပိုင်ငါးများကို
ရက်စက်စွာ သတ်ဖြတ်ကြပါသည်။ အထူးသဖြင့် ဗုဒ္ဒဘာသာဝင်များ ပိုပြီး ဂရုစိုက်သင့်ပါသည်။ ၀ဋ်မှာအမြဲ ငရဲမှာအပ - ဆိုတဲ့အတိုင်း
ယုံကြည်မယ်ဆိုရင် တတ်နိုင်သလောက်ရှောင်ကြဉ်သင့်ပါသည်။

No comments:

Post a Comment