Sunday, February 22, 2009

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေ နိုင်ငံခြားပို့မည့် ပွဲစားခြေချင်းလိမ်

ရဲရင့်မြင့်မောင် / ၁၈ ဖေဖော်ဝါရီ ၂၀၀၉
The NEJ

တတိယနိုင်ငံ ထွက်ခွာခွင့်ရရေးအတွက် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်လာသည့် လူသစ်များကို အခကြေးငွေယူပြီး နိုင်ငံခြားထွက်ခွာခွင့်ရရန် စီစဉ်ပေးသူများထဲတွင် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူအချို့နှင့် ဝန်ထမ်းအချို့ ပါဝင်ပတ်သက်မှု ရှိသဖြင့် မကြာခင် ကရင်ဒုက္ခသည်ကော်မတီ KRC မှ ဝန်ထမ်းများလိုက်နာရန် စည်းမျဉ်းစည်းကမ်းချက်များ ထုတ်ပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဟု မယ်လဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ပြောသည်။

မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌ “စောထွန်းထွန်း” ဒီပြဿနာတွေကိုကိုင်တွယ်ဖို့ ပြီးခဲ့တဲ့အပတ်က KRC အစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီး ဝန်ထမ်းတွေလိုက်နာဖို့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီး စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူသွားမှာ ဖြစ်တယ်။ အဓိက အလွဲသုံးစားမှုနဲ့ လာဘ်စားမှု တိုက်ဖျက်ရေးအတွက်ပဲ ဖြစ်တယ်။ ပြဿနာ အများဆုံးရှိတာက နို့ဖိုး၊ အုံးဖျန်နဲ့ မယ်လစခန်းပဲဖြစ်တယ်" ဟုပြောသည်။

လက်ရှိ မယ်လစခန်းတွင် တရားဝင်ဒုက္ခသည် (၂၈,၇၀၀) ခန့်ရှိပြီး စာရင်းမဝင်သေးသည့် လူသစ်ဦးရေမှာ (၂၁,၁၁၈) ဦး ရှိသည်။ ၂၀၀၆-၂၀၀၇ ခုနှစ်အတွင်း အသစ်ဝင်ရောက်လာသူ (၁၃,၀၀၀) ထဲမှ (၈,၀၀၀) ခန့်ကိုသာ ရိက္ခာပေးနိုင်မည့် အနေအထား ရှိသည့်အတွက် ဒုက္ခသည် တာဝန်ရှိသူများမှ စခန်းအတွင်း ကွင်းဆင်း၍ ရိက္ခာပေးရန် သင့်မသင့်စီိစစ်သွားမည် ဖြစ်သည်ဟု စောထွန်းထွန်းက ဆက်ပြောသည်။

တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု အများဆုံးစခန်း (၃) ခုတွင် ပြည်တွင်းမှ ငွေကြေးတတ်နိုင်သူများကြောင့် စခန်းတွင်း အကျင့်ပျက်ခြစားမှုများ တနေ့ထက် တနေ့ ပိုမိုဆိုးဝါးလာပြီး အဂတိလိုက်စားမှုနှင့် ပြဿနာရှုပ်ထွေးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ သို့သော် ထိရောက်သည့် အရေးယူမှုများ လုံးဝမရှိသေးကြောင်း၊ ပြည်တွင်းမှလူများ အိုးအိမ်ခြံမြေ ရောင်းပြီး ငွေထုပ်ပိုက်ကာ ပွဲစားများအစီအစဉ်ဖြင့် တတိယနိုင်ငံ ထွက်ခွာခွင့်ရ ရေး ကြိုးပမ်းကြရာမှ ဒုက္ခသည်စခန်းသမိုင်းတွင် မဖြစ်ပေါ်ဖူးသည့် အရှုပ်အရှင်းများ ဖြစ်ခဲ့ရ သည်ဟု ဒုက္ခသည်စခန်းတခုမှ ဘာသာရေးဆရာတဦးကပြောသည်။

ဒုက္ခသည်စခန်း ဝင်ရန်အတွက် မယ်လနှင့် အုံးဖျန်ဒုက္ခသည်စခန်းများတွင် လူတဦးလျှင် အနည်းဆုံး ဘတ် (၁၀,၀၀၀) ပေးရသည်ဟု စုံစမ်းသိရသည်။ ငွေပေးပြီးစာရင်းမဝင်သူ တဦးက "ကျနော်တို့အဖွဲ့ တယောက်တသောင်းပေးတာ စာရင်းဝင်တဲ့လူ ရှိသလို၊ စာရင်းမဝင်ဘဲ ငွေကုန်ပြီး ဖွတ်မရ ဓားမဆုံးဖြစ်သူတွေ အများကြီးပဲ။ (၁၀,၀၀၀) ဆိုတာက စာရင်းဝင်ဖို့ပဲ။ စာရင်းဝင်ပြီး ရိက္ခာစကေး ရရှိဖို့ကျတော့ (၂၀,၀၀၀) ကနေ (၃၀,၀၀၀) အထိ ပေးရတာတွေရှိတယ်။ ကိုယ်ကလည်း ခိုးကြောင်ခိုးဝှက်လုပ်ထားတော့ ဘယ်သူ့ကိုတိုင်လို့ တိုင်ရမှန်းတောင် မသိဘူး" ဟုခေတ်ပြိုင်သို့ပြောသည်။

အထူးသဖြင့် တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု အများဆုံးစခန်းများမှာ အုံးဖျန်နှင့် မယ်လစခန်းများဖြစ်သည်။ မကြာမီ အမေရိကန်သို့ ထွက်ခွာတော့မည့် အုံးဖျန်စခန်းတွင် လူစားထိုး ဒုက္ခသည်စာရင်းဝင်ထားသူတဦးက "နိုင်ငံခြားထွက်တဲ့အဆင့်ထိ ရောက်ဖို့ဆိုရင်တော့ အနည်းဆုံး ဘတ်ငွေ (၅၀,၀၀၀) လောက်ရှိမယ်ဆိုရင် လုပ်ပေးတဲ့ပွဲစားတွေ စခန်းထဲမှာ အရန်သင့်ရှိတယ်။ ငွေရှိဖို့ပဲ လိုတယ်" ဟုပြောသည်။

လူစားထိုးခြင်း ဆိုသည်မှာ ဒုက္ခသည်စခန်းတွင် နှစ်ရှည်နေထိုင်သူအချို့မှာ တတိယနိုင်ငံသို့ ထွက်ခွာလိုခြင်း မရှိသည့်အတွက် ရပ်ကွက်မှူးများနှင့် ပွဲစားများကငွေပေးပြီး ဒုက္ခသည်အမည် ပေါက်စာရင်းကို မြန်မာနိုင်ငံမှလာရောက်သည့် ငွေရှင်များနှင့် နေရာအစားထိုးပေးခြင်းဖြစ် သည်။ တနည်းဆိုရလျင် ဒုက္ခသည်စခန်းတွင် အစောပိုင်းထဲက ရောက်နေသည့် ကရင်ဒုက္ခ သည် အစစ်တဦး၏ စခန်းတွင်းနေသည့် သက်တမ်းကာလကို အရောင်းအ၀ယ်လုပ်သည့် သဘော ဖြစ်သည်။

နှစ်ရှည်ဒုက္ခသည်တဦးဖြစ်သူ စောတကော်က "ငါတို့မိသားစု (၃) ဦး နာမည်ရောင်းဖို့ ရပ်ကွက်လူကြီးက ဘတ် (၁၅,၀၀၀) ပေးတယ်။ လူကြီးပြောတာက ငွေလည်းရမယ်၊ စခန်းကထွက်စရာမလိုဘူး၊ အရင်လို ရိက္ခာလည်း ဆက်ရမယ်ဆိုလို့ ရောင်းလိုက်တာ။ ရပ်ကွက်လူကြီး ကတိတည်တယ်၊ အားလုံးအဆင်ပြေတယ်။ ကိုယ်ကတော့ နာမယ်အသစ်နဲ့ နေရတာတော့ ရှိတယ်" ဟုပြောသည်။

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှတဆင့် အမေရိကန်သို့ ထွက်ခွာခွင့်ရရန် ကြိုးပမ်းနေကြသူများ ထဲတွင် မြန်မာနိုင်ငံ အနှံ့အပြားမှလာရောက်သူများသာမက စင်ကာပူ၊ မလေးရှား၊ ဂျပန်နိုင်ငံ တို့တွင် အလုပ်လုပ်နေသည့် မြန်မာတိုင်းရင်းသား အချို့လည်း ပါဝင်နေပြီး မြန်မာနိုင်ငံကူး ပတ်စ်ပို့ကိုင်ဆောင်နေသူများပါ စခန်းအတွင်းမှာ ဝင်ရောက်လှုပ်ရှားလျက်ရှိသည်ဟု ခေတ်ပြိုင်မှ စုံစမ်းသိရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ထိုင်းအာဏာပိုင်များ၏ အစီအစဉ်ဖြင့် မြန်မာဒုက္ခသည်များကို တတိယနိုင်ငံသို့ ထွက်ခွာနိုင်ရေးအတွက် မြန်မာနိုင်ငံနေရာဒေသ အသီးသီးမှ လူများသည် ငွေထုပ်ပိုက်ကာ တတိယနိုင်ငံ ထွက်ခွာခွင့်ရရေးအတွက် ကြိုးပမ်းကြ ရာမှ စခန်းတာဝန်ရှိသူများနှင့် ဝန်ထမ်းများကြားတွင် အဂတိလိုက်စားမှုများ တိုးပွားလာခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်....

ပြန်ခေါက်ထားဖို့မမေ့ပါနဲ့...
Category : news | Read More...... edit post
ကရင်အမျိုးသားများအကြောင်း သိမှတ်ဖွယ်ရာများ (အပိုင်း -၂-)

ကရင်နှင့် ဗုဒ္ဓဘာသာ
(က) AD 4 ရာစုမှ စတင်ရရှိသည်။ သထုံပြည်မနူဟာမင်းလက်ထက် ဗညားအိန္ဒဘွဲ့ခံ ကရင်အမျိုးသားပညာရှိ အမတ်ကြီး ဖူးဒိုက်ကော် (ခေါ်) မွန်ဒိန်းသည် ဗုဒ္ဓတရားတော် ပိဋကတ် သုံးပုံကို ကရင်ဘာသာဖြင့် ပြန်ဆိုရေးသားခဲ့ပြီးဖြစ်သည်။

(ခ) ကော့သံခါရွာသား စောတာမိတ်သည် AD 1707၊ အသက် (၁၉)နှစ်အရွယ်တွင် သန်ကပိုင် ဆရာတော်ထံ၌ ရှင်သာမဏေပြုခဲ့သည် (ရှင်နန္ဒမာလာဘွဲ့) 1738 ခုနှစ်တွင် အင်းဝပဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် မင်းဆရာတော် (မောင်းထောင်ဆရာတော်)ထံတွင် ရဟန်းခံသည်။ ရဟန်းဘွဲ့မှာ နန္ဒမာလာသဒ္ဒမ္မကောဝိဒရာဇာဓိရာဇာဂုရုဖြစ်သည်။ 1776 (အမေရိကန်တော်လှန်ရေးကာလအတွင်း) ခုနှစ်တွင် မွေးရပ်မြေသို့ ပြန်ကြွလာခဲ့သည်။

ကရင်နှင့် နှစ်ခြင်းခရစ်ယာန်
(က) ကိုသာဖြူသည် 1828 ၊ မေလ (16) ရက်နေ့တွင် နှစ်ခြင်းခံသည်။ (စကောကရင်)
(ခ) ဖူးစံဖေါင်သည် 1837၊ ဇန်န၀ါရီလ (12)ရက်နေ့တွင် နှစ်ခြင်းခံသည်။ (ပိုးကရင်)

ကရင်အမျိုးသားများ၏ အမျိုးသားရေးကြိုးပမ်းမှု
(က) ပထမဆုံး ကရင်အမျိုးသားအစည်းအရုံး၊ ဒေါကလု (Karen National Association) ကို 1881 ခုနှစ် (အိန္ဒိယကွန်ဂရက်ပါတီထက် ၂-ခန့်စောသည်) တွင် ဖွဲ့စည်းပြီး အမျိုးသားအရေးကို ဆောင်ရွက်ခဲ့သည်။

ဒေါကလု၏ဆောင်ရွက်ချက်
(ခ) အထက်တန်းများ ကရင်စာပေနှင့် ပညာသင်ကြားရေး (1922) ခုနှစ်တွင် (ဘုရင်ခံဆာ ဟကုတ်ဘတ္တလာ) စဝှော်ကရင် (၁၀ တန်းအထိ) (ပ၀ိုကရင် ၇-တန်းအထိ) ပညာသင်ကြားခွင့် ရရှိခဲ့ကြသည်။ 1958 ခုနှစ် နောက်ပိုင်းမှစ၍ ယင်းခွင့်ပြုချက်ကို အကြောင်းတစုံ
တရာခေါ်ဖေါ်ပြခြင်းမပြုပဲ ရပ်ဆိုင်းလိုက်သည်။

(ဂ) ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို တရားဝင် ရုံးပိတ်ရက်ဖြင့် ရရှိရန်ဆောင်ရွက်ရာတွင်
1937 ခုနှစ်၌ ဥပဒေကြောင်းမှတ် (26/1937) ဖြင့် ရရှိခဲ့သည်။1938 ခုနှစ် ဒီဇင်ဘာလ (၁၂)ရက် ကရင်သက္ကရာဇ် ၂၆၇၈-ခုနှစ်၊ သလေး-ထိုင်ခုတ်ဖို၊ ပြာသိုလ္ဆန်း (၁)ရက် နေ့တွင် ပထမဆုံး ကရင်နှစ်သစ်ကူးမိန့်ခွန်းကို အသံလွင့်ပြောကြားခဲ့သည်။

၈။ 1931 ခုနှစ်၌ သတ်မှတ်ထားသော ကရင်မျိုးနွယ်စုများ
(၁) သီးခြားမဖေါ်ပြသောကရင် (၂) စကောကရင် (၃) ပကူးကရင် (၄) မိုဝေကရင် (၅)ဘွဲကရင် (၆) ပရင်းဘောကရင် (ရ)ဝေေ၀ါကရင် (ဂ) မိုပွာကရင် (၉) ပအိုကရင် (၁၀)ပဒေါင်ကရင် (၁၁) ကရင်ဖြူ (၁၂) ကရင်နီ (၁၃)ဂဲခို၈ဲဘားကရင် (၁၄) ဇယိမ်ကရင်(ပဒေါင်ခေါင်းကို) (၁၅) တလိုင်းကရင် (၁၆) ပိုးကရင်

၉။ ယနေ့သတ်မှတ်ကရင်အမျိုးသားများ
(၁) ပိုးကရင် (မွန်ကရင်) (၂)စကောကရင် (၃)ဘွဲကရင် (၄)ပကူးကရင် (၅)ဘလပွာကရင်(၆)မော်နေပွါကရင် (၇)ကရင်ဖြူ (၈)ပလေခီး(ပလေချီး) (၉)ပိုးကရင်(အနောက်) (၁၀)မိုပွာကရင် (၁၁)ဃဲခိုကရင် (၁၂)ဃဲဘားကရင်

၁၀။ ကရင်အမျိုးသား လူဦးရောမှာ 1931 ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ (၁၀.၆) သန်းရှိနေစဉ်၊ ကရင်အမျိုးသားဦးရေမှာ (၁.၄) သန်း။ 1943 ခုနှစ် ဂျပန်ခေတ်သန်းခေါင်းစာရင်းအရ ကရင်လူဦးရေမှာ (၄)သန်းကျော်ခန့်ရှိပြီး၊ စစ်အစိုးရခေတ် 1992 ခုနှစ် စစ်အစိုးရသန်းခေါင်းစာရင်းအရ ကရင်အမျိုးသားဦးရေမှာ (၂.၆)သန်း (၂၆)သိန်းရှိကြောင်းသိရှိပါသည်။

၁၁။ 1951 ခုနှစ် သံလွင်ခရိုင်ကို အထူးဒေသအဖြစ်အခြေပြုလျှက် ကရင်ပြည်နယ်ကို ဖာပွန်၊ မြ၀တီ၊ လှိုင်းဘွဲ့ကော့ကရိတ်၊ သံတောင်၊ ကြာအင်းဆိပ်ကြီးစသည့် မြို့နယ်များကို ပါဝင်ဖွဲ့စည်းပြီး။ ကရင်ပြည်နယ်ထူထောင်ပေးခဲ့ရာတွင် 1992 ခုနှစ်သန်းခေါင်းစာရင်း
အရ ကရင်လူမျိုး (2.6)သန်း၊ (၂၆)သိန်းရှိသည့်အနက် ကရင်ပြည်နယ်တွင် (၆)သိန်းမျှနေထိုင်ကြ၍ ကရင်ပြည်နယ်ပြင်ပ အခြားတိုင်းကြီးများနှင့် ပြည်နယ်များတွင် (၂)သန်း(သိန်း ၂၀) နေထိုင်ကြကြောင်း သိရှိရပါသည်။

၁၂။ ဗမာဘုရင်များအုပ်စိုးချိန် ကရင်အမျိုးသားများ၏ အခြေအနေ
ပဒေသရာဇ်စနစ်ကြီး၏ အောက်ဆုံးထပ်တွင် ပိပြားနေခဲ့ရ၏၊ ကြမ်းကြုပ်ရက်စက်မှု အားလုံးကို ၀၀လင်လင်ကြီးခံစားရ၏။ ဘ၀အခြေအနေတို့မှာ ကျေးကျွန်တို့ထက်ပင် ဆိုးဝါးလှ၏။

ဗမာလူမျိုးတို့နှင့် ရှောင်ရှားနိုင်သမျှရှောင်ပြီးတော့ တောတောင်များတွင် သစ်တပ်များဝိုင်းရံ တည်ဆောက်ပြီး နေကြ၏။

ခရစ်ယာန်ဘာသာကိုးကွယ်လာသူများကို မိစ္ဆာတွေဟု မျတ်ချကာ ပိုမိုနှိပ်စက်ခြင်းကို ခံရပေ၏။ ဗြိတိသျှနယ်ချဲ့သမားတို့ ဗမာနိုင်ငံကို သိမ်းပိုက်လာသည့်အခါ ကရင်တို့သည်ဗြိတိသျှ အစိုးရကို အားကိုးအားထားပြုကာ ကာကွယ်စောင့်ရှောက်မှုကို အရယူလာခဲ့၏။

(အားမာန်သစ် မဂ္ဂဇင်း)
ဆက်လက်တင်ပြမည်

ဆက်လက်ဖတ်ရှုရန်....

No comments:

Post a Comment